(ဒေါက်တာ နေဝင်းမောင်နှင့် အင်တာဗျူး)
နန်းဒေဝီ
၂၀၀၈ မတ် ၁၂
မဇ္ဈိမ
လစဉ်ထုတ် Living Color Chief Executive Officer လစ်ဗင်းကာလာ မဂ္ဂဇင်း၏ Chief Executive Officer နှင့် မူဝါဒရေးရာ ဒါရိုက်တာ၊ The Voice ဂျာနယ်၏ ထုတ်ဝေသူ ဒေါက်တာ နေ၀င်းမောင် (၄၅ နှစ်) က ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်အာဏာပိုင်များအကြား လက်ရှိ တင်းမာမှုများ အပေါ် ဝေဖန်သုံးသပ်၊ အကြံပြုချက် ၆ ချက်ကို သူ၏ မိတ်ဆွေ အပေါင်းအသင်း နိုင်ငံရေးသမားများ အကြား အင်တာနက် အီးမေးမှ တဆင့် ဖြန့်ဝေခဲ့သည်ကို ဧရာဝတီသတင်းဌာနက ပေါက်ကြား ဖော်ထုတ်လိုက်သည်။
ဒေါက်တာနေဝင်းမောင်၏ အကြံပြုချက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရ၏ အခြေခံဥပဒေကို ထောက်ခံရန်၊ ရွေးကောက်ပွဲ ဝင်ပြိုင်ရန်၊ သို့သော် လွှတ်တော်နှစ်ရပ်တွင် တဝက်သာ ဝင်ရောက်ယှဉ်ပြိုင်ပါမည်ဟု အဆိုပြုရန်၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အတိုက်အခံဘဝတွင် ၅ နှစ်နေခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်အား တောင့်တင်းအောင်လုပ်ရန်တို့ အကြံပြုထားသည်။ အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့သည့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် သူ့ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက တယ်လီဖုံးမှတဆင့် ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး။ အီးမေးထဲမှာပါတဲ့ အကြံပြုချက် ၆ ချက်ကို အသေးစိတ် ပြောပြလို့ ရမလားရှင်။
ဖြေ။ ကျနော် ရေးထားတာတွေက များတော့ အဓိကပြောရရင်တော့ နှစ်ဘက် ပြေလည်သွားဖို့အတွက် ကိုယ်ကပဲ သဘောထားကြီးတယ် ဆိုတာကို စပြီး ပြနိုင်တဲ့သူက ပြဖို့ပါ။ အဲလို ပြဖို့ဆိုရာမှာ Road Map မှာ အရေးကြီးတဲ့ ကိစ္စဖြစ်မယ် ဆိုလို့ရှိရင်လည်း၊ ဒီကိစ္စကို Endorse (ထောက်ခံ) လုပ်လိုက်ပေါ့ဗျာလို့ ပြောတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော် မှတ်မိသလောက် ပြောရရင်တော့၊ ကျနော်က ကာယကံရှင် နေရာမှာ ဝင်ပြီး စဉ်းစားပြီး၊ ကျနော်သာ သူ ဖြစ်မယ်ဆိုလို့ရှိရင်၊ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော်။
ဒုတိယ တခုကလည်းပဲ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဆက်ဆံရေးကောင်း တခုဖြစ်လာဖို့အတွက် ကျနော့်ဘက်က ရန်မလိုပါဘူး ဆိုတာကို ပြတဲ့အနေနဲ့ ကျနော်က ကျနော်သာ ဆိုခဲ့ရင်တော့၊ အိုကေ ကျမ NLD က အခုလာမယ့် ရွေးကောက်ပွဲမှာလည်းပဲ၊ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သဘော မရှိဘူး ဆိုတာကို ပြတဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ချိန်မှာ ၃၃ဝ (မဲဆန္ဒနယ်မြေ) ရှိတယ်ဗျာ။
အဲဒီ ၃၃ဝ မှာ ကျနော်ဆို တဝက်ပဲ ဝင်ပြိုင်မယ်၊ ပထမဦးဆုံး ၁၆၅ နေရာလောက်ပဲ ဝင်ပြိုင်ပြီးတော့ အစောကြီးကတည်းက ကျမဟာ ဒီနိုင်ငံတည်ထောင်ရေးမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ချင်နေတာ ဖြစ်ပြီးတော့ အာဏာကိုဖြတ်လမ်းက လိုချင်တာ မဟုတ်ပါဘူး ဆိုတာ ပြတဲ့အနေနဲ့ ဝင်ကတည်းက ရွေးကောက်ပွဲမှာ တဝက်ပဲ ဝင်မယ်။ This is indicated that I am not seeking any political power. အဲလိုအတွက်နဲ့ မလိုအပ်ဘဲ အကျဉ်းချခံနေရတဲ့ သူတွေအားလုံးကိုတော့ လွှတ်ပေးလိုက်ပြီးတော့ ပျော်စရာကောင်းတဲ့ တိုင်းပြည်ရဲ့ စည်းလုံး ညီညွတ်မှုတခု တည်ထောင်ရအောင်ဆိုတဲ့ သဘောပါပဲဗျာ။ ကျနော် ဆိုလိုတာက Strong Opposition တခုအနေနဲ့ဘဲ ရပ်တည်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ပြောတာပါ။
မေး။ အကြံပြုချက် ၆ ချက် ထွက်လာဖို့ ဘယ်လို အခြေခံ အကြောင်းအရာတွေက လှုံ့ဆော်ပေးတာလဲ။
ဖြေ။ ကျနော်က Basically I am political animal. (ကျနော်က အခြေခံ နိုင်ငံရေးသတ္တဝါ) လေ။ အဲဒါတွေနဲ့ ကျနော် ရင်းနှီးပြီးသားလေ။ အဲဒါ ကျနော်ရတဲ့ဟာကို အဓိက ဒီမှာရှိနေတဲ့ တဖက်နဲ့ တဖက် အမုန်းပွားနေတာ၊ ရန်ဖြစ်နေတဲ့ Circle (သံသရာ) ကို ရပ်သွားစေချင်ပြီ။ ပြည်သူတွေမှာ ဘယ်လို ဒုက္ခရှိတယ်ဆိုတာ ကျနော် အသေအချာ သိပါတယ်။ ဆိုတော့ ကျနော်လည်း တစိတ်တပိုင်းအားဖြင့် ခံစားနေရတာပါပဲ။ အဲဒီအခါကျတော့ ဒီဟာ ပြီးသွားဖို့အတွက် တကယ်ကို သဘောထားကြီးတဲ့၊ အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာလျှင် အဖြေ ဖြစ်တယ်ဆိုတော့ သေချာ ယုံကြည်တဲ့အတွက် ဒါကို ကျနော် ပြောတာပါ။
မေး။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ တုံ့ပြန်မှု ဘာတွေရသလဲရှင့်။ လူတွေ လက်ခံနိုင်မယ်လို့ မြင်သလားရှင့်။
ဖြေ။ ဘာမှ မရပါဘူး။ လူတွေ လက်ခံနိုင်မယ်လို့ ကျနော် သိပ်မထင်ဘူး။ လူတွေက စိတ်ခံစားချက်နဲ့နေတော့ ဒီ နိုင်ငံရေးပိတ်ဆို့မှုက နစ်နေဆဲ ဖြစ်နေတာ။ အဓိက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် စိတ်ခံစားချက် မဖြစ်ဘူးဆိုရင် အဖြေက ထွက်တာ ကြာလှပါပြီ။ အနိုင်၊ အရှုံးစဉ်းစားရင်ပေါ့။ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စက အနိုင်အရှုံးကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားတွေဘဝနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ တပ်မတော်က နိုင်နိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ နိုင်နိုင် ပြဿနာမရှိပါဘူး။ မရှိနိုင်ပါဘူး။ အဲလို စဉ်းစားနေလို့ ပြဿနာရှိနေတာပါ။ ဒါက အချင်းချင်း ကြားမှာပဲ ခွဲဝေတဲ့ဟာပါ။ တယောက်ယောက်က ဆက်ဖြန့်လိုက်တာကို ဧရာဝတီက သတင်းလုပ်လိုက်တာနေမှာ။ ပြည်ပရောက် နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းတွေကို ကျနော် မပို့ပါဘူး။ ဒါ တယောက်ယောက်က ဆက်ဖြန့်တာနေမှာ။
မေး။ အကြံပြုချက်တွေကို အစိုးရ အာဏာပိုင်တွေကို ခင်းပြပေးသေးလား။
ဖြေ။ ကျနော်တို့ အစိုးရကို၊ ဒီဘက်ပိုင်းကို ထားလိုက်ပါတော့။
မေး။ မြန်မာပြည် လက်ရှိ အနေအထားမှာ ဖြစ်သင့် ဖြစ်ထိုက်တယ် ထင်တာကို ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ။ တကယ်ကတော့ဗျာ၊ ဒီကိစ္စက တကယ် သဘောထားကြီးနိုင်တဲ့လူက ထစ်ကနဲ မစဉ်းစားဘဲနဲ့ ထပြီးတော့ သဘောထားကြီးတဲ့ အကြောင်းကို တကယ် ရဲရဲပြလိုက်ဖို့ပါပဲ။ တကယ်သဘောထားကြီးတဲ့ လူက တကယ် သဘောထားကြီးကြောင်း ပြလိုက်ရင် ဖြစ်သင့်တာ အားလုံး ဖြစ်သွားမှာပါ။ ဒီကိစ္စက 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ' ဆိုပြီး စဉ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။ 'သင်ကောင်းလျှင် ကျွန်ုပ်မဆိုးဘူး' ဆိုရင် ပြဿနာ ရှိနိုင်တယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆအရ ပြောမယ်ဆိုရင်လည်း အပေါင်းလက္ခဏာဖြစ်တဲ့ ရလဒ်တခု ဖြစ်လာဖို့အတွက် တင်သွင်းပေးရမယ့် Input တွေ အားလုံးဟာ တကယ် အစစ်အမှန် အပေါင်းလက္ခဏာ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှပဲ အပြုသဘော ဖြစ်နိုင်မယ်။ အနုတ်ပေးရင် ထွက်လာတာလည်း အနုတ်လက္ခဏာ ဆောင်တဲ့ ရလဒ်တွေပဲ ရမယ်။
မေး။ မေလ လုပ်မယ့် ဆန္ဒမဲပေးဖို့ ဆိုတာကရော ဘယ်လိုမြင်ပါသလဲ။ တရားမျှတပြီး လွတ်လပ်တဲ့ ဆန္ဒမဲပေးပွဲဖြစ်၊ မဖြစ်။
ဖြေ။ မဲပေးမယ့် ကိစ္စကတော့ သူတို့ ဥပဒေ ထွက်ထားတာပေါ့နော်။ ထွက်ထားတဲ့ ဥပဒေကို ကြည့်လို့ ရှိရင် တရားမျှတမှု ဖြစ်မှာပါ။ သူမေးတာ မေးခွန်းက တခုပဲ ရှိတယ်လေ။ Yes လား/ No လား မေးတယ်လေ။ ဒီလို မေးတာက လူတိုင်းရဲ့ ဆန္ဒကို ရဲရဲထွက်ပေါ်လာအောင် လုပ်ပေးလိုက်တယ်ဆိုရင် မျှတတယ်လို့ ပြောရမှာပေါ့။
မေး။ Third force အဖွဲ့အကြောင်း ပြောပေးပါလားရှင်။
ဖြေ။ Third force ဆိုတာ မရှိပါဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ သတင်းအချက်အလက် ဖလှယ်တဲ့ သူငယ်ချင်းတွေပါပဲ။ အဖွဲ့ရယ်လို့ တကယ်ဖွဲ့ထားတာ မရှိပါဘူး။ ဖွဲ့ထားရင်လည်း ကျနော် ဖွက်ထားမှာ မဟုတ်ပါဘူး။ ဒါ ပြဿနာမရှိပါဘူး။ ဖွဲ့ထားမယ်ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက် တခုရှိဖို့ လိုပါတယ်။ ကျနော့်မှာ နိုင်ငံရေး ရည်ရွယ်ချက် မရှိပါဘူး။ ကျနော် နိုင်ငံရေးသတ္တဝါပါ။ ဒါပေမဲ့ ကျနော် ရွေးကောက်ပွဲ မဝင်ဘူး။ အာဏာ၊ နိုင်ငံရေးနဲ့ ကျနော် မပတ်သက်ချင်ဘူး။
မေး။ အရင်တုန်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါခဲ့သေးလား။
ဖြေ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးကိုတော့ ကျနော်တသက်လုံးပဲ လုပ်လာတာ။ ကျနော့် Living Color မှာ ရေးတဲ့ဟာတွေကလည်း နိုင်ငံရေးပဲ။ ဒါပေမဲ့ ဒါတွေဟာ နိုင်ငံရေးအာဏာ မဟုတ်ပါဘူး။ ကျနော် ကျောင်းတုန်းကတည်းက ဒါပဲ လုပ်လာခဲ့တာ။
Showing posts with label အစီရင်ခံစာ. Show all posts
Showing posts with label အစီရင်ခံစာ. Show all posts
Wednesday, April 2, 2008
အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာ အဖြေဖြစ်တယ်
Labels: အစီရင်ခံစာ
Tuesday, April 1, 2008
၁၉၇၃ ခုနှစ် ပြည်သူဆန္ဒခံယူပွဲ ရလဒ်
တော်လှန်ရေး ကောင်စီက အခြေခံဥပဒေ မူကြမ်းကို ရေးသားပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဆန္ဒခံယူပွဲရလဒ်ကို ပြန်လည် ဖော်ပြပါသည်။Reference
1974 Referendum Results
Extract from diplomatic report No. 152/74 dated 24 January 1974
Her Majesty's Ambassador at Rangoon, Mr. Edward Gervase Willian, to the Secretary of State for Foreign and Commonwealth Affairs
National Archive
Kew, London
File Reference FCO 15/1869
Labels: ဆန္ဒခံယူပွဲ, အစီရင်ခံစာ, အခြေခံဥပဒေ
Thursday, February 28, 2008
ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ
၂၀၀၈ ဖေဖော်ဝါရီ ၁၃
ဆုံဆည်းရာဘလော့ဂ်
(၁)
နေဝင်းဆီက ´အာဏာအမွေ`ရလိုက်သော နဝတ/နအဖ စစ်အုပ်စုသည် အာဏာကို နှစ် (၂၀) မျှ ထိန်းထားနိုင်ခဲ့သည်။ RM (လမ်းပြမြေပုံ) ချမှတ်ပြီး အာဏာကို ရာသက်ပန် သိမ်းပိုက်သွားဖို့ ပြင်နေပါသည်။ အခုတော့ ၂၀၀၈ - မေလတွင် "ဆန္ဒခံယူပွဲ" လုပ်မည်ဟု ကြေညာလိုက်ပါပြီ။- RM အဆင့် (၄) မြန်မြန်လုပ်ဖို့ အကြောင်းဖန်လာတာက အဓိကအားဖြင့် ပြည်တွင်းအကြောင်းအချက်ကြောင့် ဖြစ်ပါသည်၊ NLD ကို အပြတ်ဖိနှိပ်ပစ်ဖို့က ပိုပြီးအဓိကကျသည်။ NLD ရှိနေလျှင် လူထုအုံကြွမှုက အချိန်မရွေး ပေါက်ကွဲနိုင်သည်။ `၂၀၀၇/စက်တင်ဘာ အုံကြွမှု´ က `သန်းရွှေ ကြံ့/ဖွံ့ ခေါင်းမာဂိုဏ်း´ ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ NLD ကို အပြတ်ဖိနှိပ်ပစ်ဖို့ကလည်း `အခြေခံဥပဒေ´ ကို အဆင့် (၄) မှာ အတည်ပြုပြီးမှ အကြောင်းပြချက်ကောင်းမှာ ဖြစ်သည်။ "တပြည်လုံးက `အခြေခံဥပဒေ´ ကို အတည်ပြုပေးလိုက်ပြီ၊ NLD က `ရွေးကောက်ပွဲသစ်´ ဝင်မလား၊ မဝင်ဘဲ ဖျက်သိမ်းခံမလား" လို့ `နအဖ´ က ရာဇသံပေးလာလိမ့်မည်။ DASSK နဲ့ `စကားပြောပွဲ´ ကိုလည်း အပြီးအပိုင်ရပ်စဲပစ်လိမ့်မည်။
- NLD သည် ကျွန်တော်တို့ `၁၉၈၈ အုံကြွမှု´ ရဲ့ အောင်သီးအောင်ပွင့် ဖြစ်သည်။ NLD ကို ကာကွယ်ကြရပါမည်။ NLD ကို ကာကွယ်ဖို့ ကျွန်တော်တို့ နည်းနာရှာကြရပါမည်၊ ဗကပ က ကြံဆထားတဲ့နည်းနာကို ဒီအစီရင်ခံစာမှာ တင်ပြပါမည်။ အားလုံးက ဝိုင်းဝန်းပြီး လိုတိုးပိုလျှော့လုပ်ကြဖို့ ဖြစ်ပါသည်။ သူများတွေ ကြံဆထားတဲ့နည်းနာများကိုလည်း ကျွန်တော်တို့ လေးလေးစားစား လေ့လာချင်ပါသည်။
(၂)
ဗကပ ၏ ကြံဆချက်။`လွတ်လပ်ရေးတိုက်ပွဲ´ ကာလတုန်းက ဖတပလ/ဖဆပလ လုပ်ခဲ့သည့် နည်းနာကို အခု `လွတ်မြောက်ရေး တိုက်ပွဲ´ ကာလတွင် ယူသုံးသင့်ပါသည်။ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီးသုံးဖို့ ဖြစ်ပါသည်။
- ၁၉၄၅ မှာ အင်္ဂလိပ်က `စက္ကူဖြူစီမံကိန်း´ နဲ့ ပြန်ဝင်လာတာ ဖြစ်သည်။ `စက္ကူဖြူစီမံကိန်း´ က ဗမာပြည်ကို အင်္ဂလိပ်ဘုရင်ခံရဲ့ ရှေ့ဆောင်မှုနဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအဆင့်အတန်းပေးဖို့ ဖြစ်သည်။ (သန်းရွှေတို့ အခုလုပ်နေတဲ့ (RM) ကလည်း အဲဒီသဘောမျိုးပဲ ဖြစ်သည်။)
- ဖဆပလ အဖွဲ့ချုပ်က ရွှေတိဂုံအလယ်ပစ္စယံညီလာခံလုပ်ပြီး စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ပါသည်။ ညီလာခံ ဆုံးဖြတ်ချက်များမှာ လုံးဝလွတ်လပ်ရေး၊ မြေယာစနစ်ပြုပြင်ရေး၊ နယ်ချဲ့ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းရေး၊ ၁၈ နှစ် ပြည့်သူတိုင်း မဲပေးရေး၊ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ရေး စတာတွေ ဖြစ်သည်။ ဤဆုံးဖြတ်ချက်များကို ထိုစဉ်က ဘုံအနိမ့်ဆုံးလုပ်ငန်းစဉ် Common Minimum Programmme (CMP) ဟု ခေါ်နိုင်ပါသည်။
- ယခုလည်း ကျွန်တော်တို့က (CMP) ချမှတ်ရပါမည်။ (CMP) ထဲမှာ ဘာတွေပါသင့်သည်ဆိုတာကို ဝိုင်းဝန်းဆွေးနွေးကြရပါမည်။ အများစုကြီးက လက်ခံနိုင်မှ (ဘုံ) ဟု ခေါ်နိုင်ပါမည်။ အနိမ့်ဆုံးဖြစ်မှလည်း အများစုလက်ခံနိုင်မည် ဖြစ်ပါသည်။
- ပါတီတိုင်းတွင် ချမှတ်ထားသော လုပ်ငန်းစဉ်များ ရှိကြသည်။ ဗကပ တွင်လည်း ရှိသည်။ အဲဒါတွေက အမြင့်ဆုံးလုပ်ငန်းစဉ် ဖြစ်ပါသည်။ ယခု ကြံဆရမှာက ဘယ်လောက်အထိ နှိမ့်မလဲဆိုတာ ဖြစ်ပါသည်၊ နိုင်ငံရေးလုပ်ငန်းစဉ်သာမက စက်မှု၊ မြေယာ၊ အုပ်ချုပ်ရေးစသဖြင့် ကဏ္ဍပေါင်းစုံက အနိမ့်ဆုံးလုပ်ငန်းများ ကိုလည်း ချမှတ်ရပါမည်။
- (CMP) တွင် နအဖ RM ကို တိုက်ဖျက်ရေးက နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ရှေ့ဆုံးက ပါသင့်ပါသည်။ စက်မှုကဏ္ဍတွင် စစ်တပ်က မဆီမဆိုင်ဝင်ပြီး နေရာယူထားသော စက်မှုလုပ်ငန်းများကို ပုံမှန်ဖြစ်အောင် ပြုပြင်ရေး ပါသင့်ပါသည်။ အုပ်ချုပ်ရေး၊ သံတမန်ရေး ကဏ္ဍများတွင် စစ်ဘက်မှလူများ မဆီမဆိုင် ဝင်နေရာယူထားတာတွေကိုလည်း သင့်တော်စွာ ရှင်းလင်းရေး ပါသင့်ပါသည်။
- မုချပါသင့်တာက စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် (ကြားကာလ) ကူးပြောင်းရေး ကာလ သတ်မှတ်တာ ပါရမည်။ ကူးပြောင်းရာတွင် ချောမွေ့ပြေပြစ်စေရန် အခြေခံနည်းနာများ ပါသင့်ပါသည်။ ဒီကိစ္စ အရေးကြီးပါသည်။ သန်းရွှေတို့က စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် စစ်ဗိုလ်စစ်သားများကို နေရာချထားတာတွေ အများကြီးရှိပါသည်။ ဗဟိုမှ ကျေးလက်အထိ ဝင်ရောက်နေရာချထားတာ ဖြစ်ပါသည်။ ဤကိစ္စများကို လက်လွတ်စပယ် ဖြေရှင်းလို့ မဖြစ်ပါ။ နေဝင်း၊ သန်းရွှေတို့ကြောင့် နေရာမှားပြီး ရောက်နေသူများကို ညှာတာထောက်ထားရပါမည်။
- ကြားဖြတ်ကာလအတွင်း ဖြေရှင်းရမည့် ကိစ္စများကို တပ်မတော်ခေါင်းဆောင်များ၏ စိတ်ရောကိုယ်ပါ အကူအညီမပါဘဲ ဖြေရှင်းလို့ မရနိုင်ပါ။ ဒါ့ကြောင့် အမြော်အမြင်ရှိသည့် အမြင်ကြည်လင်သည့် တပ်မတော် ခေါင်းဆောင်များကို ကြားဖြတ်ကာလတွင် သင့်တော်သည့်အဆင့်နေရာ ပေးထားရပါလိမ့်မည်။
- ပြည်တွင်းငြိမ်းချမ်းရေး ပီပီပြင်ပြင် ဖြစ်စေဖို့ `စစ်ရပ်စဲထားသည့် အဖွဲ့များ´ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရအောင်လည်း လုပ်ရပါဦးမည်။ ဒါကိုလည်း ကြားဖြတ်ကူးပြောင်းရေးကာလမှာ လုပ်ရပါမည်။
အချုပ်အားဖြင့် ပြောရလျှင် နှစ် (၅၀) နီးပါး ဖျက်ဆီးထားခဲ့တဲ့ဟာတွေကို ပြင်ရမှာ ဖြစ်သည်၊ ထိုသို့ ပြင်နိုင်ဖို့ ကြားဖြတ်ကူးပြောင်းရေး ကာလတခု လိုပါသည်၊ အချိန်လုံလောက်စွာယူတာကို သဘောတူပါသည်။ ဖျက်ဆီးထားတာ မှန်သမျှကိုတော့ ပြင်ရပါမည်။ မပြင်လျှင် ဗမာပြည်နိုင်ငံရေးက `ဂျာအေးသူ့အမေရိုက်´ နေပါလိမ့်မည်။ စစ်တပ်ကို နိုင်ငံရေးသမားနဲ့ ရန်တိုက်ပေးထားတာ ကြာပါပြီ။ နေဝင်းစစ်အုပ်စု စခဲ့တဲ့ မှားယွင်းတဲ့ လမ်းစဉ်ပေါ်လစီများကို ပြုပြင်ပစ်ဖို့ အရေးကြီးပါသည်။
(၃)
(CMP) မရှိလျှင် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်မှာ မဟုတ်ပါ။ (CMP) တခု ချမှတ်နိုင်ဖို့ဆိုလျှင် ဗကပ က မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်နဲ့မဆို ဆွေးနွေးညှိနှိုင်းလိုပါသည်။ အချိန်ယူပြီး ညှိနှိုင်းရလိမ့်မည် ထင်ပါသည်။ ၁၉၄၅/၄၆ ကလောက် လွယ်မည်မဟုတ်ပါ။ ဟိုတုန်းက ဒုတယကမ္ဘာစစ်ကြီးအတွင်း ဖြတ်သန်းမှု တူကြသည်။ ဘဝတွေကလည်း တူကြသည်။ အားလုံးကလည်း ပြည်တွင်းမှာ ဖြစ်သည်။ ဒါကြောင့် အတွေးတူကြပါသည်။ ကျွန်တော်တို့မှာကား တွေ့ကြသည့်အတိုင်း ဖြစ်သည်။ လုပ်ငန်းစဉ်တွေကလည်း အများကြီးခြားနားကြပြီး အတွေးအခေါ်တွေကလည်း ထွေပြားများပြားလှပါသည်။ (CMP) ကို ကြံဆနေဆဲမှာ အလုပ်တူလုပ်ကြဖို့ကိုလည်း စဉ်းစားသင့်ပါသည်။အလုပ်တူလုပ်ဖို့ဆိုလျှင် RM အဆင့် (၄) `ဆန္ဒခံယူပွဲ´ မှာ ဘာလုပ်ကြမလဲဆိုတာက စသင့်ပါသည်။ ကျွန်တော်တို့ လုပ်စေချင်တာကို တင်ပြပါမည်။
- သပိတ်မှောက်လို့ မဖြစ်ဟု ထင်ပါသည်။ သပိတ်မှောက်လျှင် နအဖ အကြိုက် ဖြစ်သွားလိမ့်မည်။ `ကန့်ကွက်မဲ´ ပေးကြဖို့ လူထုကို စည်းရုံးသင့်သည်။ ပြည်တွင်းက စည်းရုံးရေးလုပ်တာကို ပြည်ပက ထောက်ကူပံ့ပိုးဖို့ ဖြစ်သည်။
- NLD က လူထုကို အခုကတည်းက (`ကန့်ကွက်မဲ´ ပေးကြဖို့) ဆော်သြသင့်သည်။ NLD က ရဲရဲရှေ့ဆောင်ဖို့ (၁၉၄၅/၄၆ က ဖဆပလ က ရှေ့ဆောင်ခဲ့သလို ရှေ့ဆောင်ဖို့) လိုပါသည်။
- အတွေးအခေါ်အရ ရှေ့ဆောင်ဖို့ပြောတာ ဖြစ်သည်။ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ DASSK ၏ ထုတ်ပြန်ချက်သည် လည်းကောင်း၊ NLD ခေါင်းဆောင်များ အခါအားလျော်စွာ ထုတ်ပြန်နေတာသည်လည်းကောင်း အတွေးအခေါ်အရ ရှေ့ဆောင်မှုပေးတာ ဖြစ်ပါသည်။
- လူထုအတွင်း ဆင်းပြီးစည်းရုံးတာကိုတော့ လူငယ်လူရွယ်များက လုပ်ပါလိမ့်မည်။ ၂၀၀၇/သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုတုန်းက သံဃာတွေ၊ လူငယ်တွေ ရှေ့တိုးထွက်လာတာ ရှိပါသည်။ နောက် ဒီတခါ ထူးခြားတာက ခေတ်မီနည်းပညာကို u4129 .သုံးပြုတာ ဖြစ်သည်။ ဘလော့ဂ်ဂါတွေတင်တဲ့ အတွေးအခေါ်လည်း စုံပါသည်။ NLD က `စေ့စပ်ဆွေးနွေးပွဲ´ ကျမှ ပြောမယ်ဆိုပြီး စောင့်နေလို့ မဖြစ်ပါ။ NLD က ထွက်ပြောသင့်ပါပြီ။ NLD တခွန်းပြောတာက သူများတွေ အခွန်းတရာ ပြောတာထက် တာသွားပါသည်။
(၄)
`ကန့်ကွက်မဲ´ အများအပြားရဖို့ အတော်လုပ်ရပါမည်။ NLD ဖြစ်ဖြစ်။ ဘယ်သူဖြစ်ဖြစ် တပါတီတည်းလုပ်လို့ မဖြစ်ပါ။ နအဖ က အာဏာနဲ့ ထောက်ခံမဲ များများရအောင် လုပ်မှာကို သံသယရှိစရာ မလိုပါ။ နိုင်ငံတကာက စောင့်ကြည့်တာကိုလည်း နအဖ က လက်ခံမည့်အခြေအနေ မရှိပါ။ နိုင်ငံတကာက သတင်းထောက်တချို့ကို သူတို့ ခေါ်ပြကြပါလိမ့်မည်။ UN ဂမ်ဘာရီကိုလည်း တနေရာ နှစ်နေရာ ခေါ်ပြစရာ ရှိသည်။ ၁၉၉၀ တုန်းကလောက်တောင်မှ လွတ်လပ်မှာ မဟုတ်ဟု ထင်ပါသည်။ဘာပဲဖြစ်ဖြစ် `ကန့်ကွက်မဲများများပေးကြဖို့´ စည်းရုံးရပါလိမ့်မည်။ `ကန့်ကွက်မဲ´ က ၅၀% ကျော်ပြီး `အခြေခံဥပဒေ´ ကို ပယ်ချနိုင်လျှင်
- `စေ့စပ်ဆွေးနွေးရေး´ တံခါးပွင့်သွားလိမ့်မည်။ စေ့စပ်ဆွေးနွေးချင်တဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ ပေါ်လာနိုင်သည်။ NLD က ပေါ်လာတဲ့အခွင့်ကောင်းကို အမိအရဆုပ်ကိုင်ဖို့ လိုသည်။ ဘာပေးပြီး ဘာယူမည် ဆိုတာကို NLD ပဲ ဆုံးဖြတ်ရမှာ ဖြစ်သည်။ "CMP" ရှိထားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
- (၁၉၆၂) ခုနှစ်က စခဲ့သော `စစ်အာဏာရှင်စနစ် ဇာတ်သိမ်းခန်း´ ရဲ့ အစ ဖြစ်လာစရာ ရှိသည်။
- ရေရှည်ဆွဲပြီး လုပ်လာခဲ့သော (RM) ထိုးရပ်သွားလိမ့်မည်။ (၁၉၉၀) က ရွေးချယ်ခဲ့သော `လွှတ်တော်´၏ အခန်း ပြန်ပေါ်လာလိမ့်မည်။
`ဆန္ဒခံယူပွဲ´ မှာ အာဏာပြပြီး ထောက်ခံမဲပေးခိုင်းတဲ့နည်း ("ပြူစောထီးနည်း") ကိုတော့ ကျေးလက်တွင်လုပ်မှာ သေချာပါသည်။ `မဲခိုး မဲလိမ် မဲပုံးဖောက်တာတွေ´ ကတော့ ဒင်းကြမ်းဖြစ်လာစရာ ရှိပါသည်။ မိမိတို့က ကြိုတင်ပြီး ကြံ့ဖွံ့အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကျေးလက်အာဏာပိုင်များကို ရှင်းလင်းဖျောင်းဖျပန်ကြားတာတွေ လုပ်ရပါမည်။
မိမိတို့ပြည်သူများတွင် (၁၉၆၀) နဲ့ (၁၉၉၀) ရွေးကောက်ပွဲ အတွေ့အကြုံရှိပြီး ဖြစ်ပါသည်။ ပြည်သူတွေက တထွာပြလျှင် တတောင်မြင်တတ်ပါသည်။ ဒါကြောင့်ပဲ "NLD က ပြတ်ပြတ်သားသားရှေ့ဆောင်ပါ" လို့ ကျွန်တော်တို့ တိုက်တွန်းနေခြင်း ဖြစ်ပါသည်။
အထူးသတိပြုသင့်သည်မှာ စစ်အာဏာရှင်ကိုတိုက်လျှင် ပစ်မှတ်မကျယ်ဖို့ ဖြစ်ပါသည်။ သန်းရွှေစစ်အုပ်စုထဲက ခေါင်းမာသူများကိုပဲ ရွေးပြီးပစ်မှတ်ထားဖို့ ဖြစ်ပါသည်။ သန်းရွှေအတွင်းစည်းဝိုင်း (inner circle) ကို ပစ်မှတ်ထားဖို့ ဖြစ်ပါသည်။ နေဝင်းဖြစ်ဖြစ်၊ သန်းရွှေဖြစ်ဖြစ် လမ်းစဉ်ပေါ်လစီချမှတ်တာမှာ `အတွင်းစည်းဝိုင်း´ နှင့် ပထမဆုံးတိုင်ပင်မြဲ ဖြစ်သည်။ စည်းလားရိုက်ပြီးမှ ကျန်သည့် တပ်မတော်ခေါင်းဆောင်များကို ချပြတာ၊ လက်ခံစေတာ ဖြစ်သည်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် `အာဏာသိမ်းပွဲ´တွေမှာ အဲဒီလို လုပ်ခဲ့တာ ဖြစ်သည်။ တချို့ဆိုလျှင် စစ်အုပ်စုထိပ်ပိုင်းမှာ ပါနေတာကို အာဏာသိမ်းကြေညာချက်ထွက်လာမှ သိကြတာ ဖြစ်ပါသည်။ DASSK ၏ ယာဉ်တန်းကို `ဒီပဲယင်း´ မှာ တိုက်ခိုက်တာလည်း `အတွင်းစည်းဝိုင်း´ က လုပ်သွားခြင်း ဖြစ်သည်။ အဲဒီကိစ္စကြီး ပြီးကတည်းက NLD ဗဟိုခေါင်းဆောင်မှု အားနည်း ကြဲကွဲသွားတာ ဖြစ်သည်ဟု ကျွန်တော်တို့ ယူဆပါသည်။ NLD ဗဟိုခေါင်းဆောင်မှုကို (ဖြစ်တဲ့နည်းနဲ့) ကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ဖို့ လိုပါသည်။ အတွေးအခေါ်ညှိတာကို ဘယ်လိုအခြေအနေမှာမဆို လုပ်လို့ရပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ခေါင်းဆောင်များ ဒီလိုပဲ အတွေးအခေါ်ညှိခဲ့ကြတာ ဖြစ်ပါသည်။ အတွေးအခေါ်ညှိပြီးလျှင် ကြံ့ခိုင်သည့် ခေါင်းဆောင်မှု ပေးနိုင်ပါလိမ့်မည်။
၂၀၀၇ သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုတွင် NLD လူရွယ်လူငယ်များ တက်ကြွသည့်အခန်းက ပါဝင်လာတာ တွေ့ရသဖြင့် အားတက်ရပါသည်။
(၅)
နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ- ဤအခွင့်အရေးမျိုး တခါမှ မပေါ်ဖူးပါ။ နောင်တွင်လည်း ပေါ်လာစရာ မရှိပါ။ စစ်အာဏာသိမ်းအစိုးရဖြစ်လို့ပဲ `ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ´ (Referendum) ကို လုပ်ရတာ ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လည်း အသိအမှတ်မပြုချင် (လွှတ်တော်လည်း ခေါ်မပေးချင်၊ စေ့စပ်ဆွေးနွေးပွဲလည်း မလုပ်ချင်) လို့ (Referendum) နည်းကို မလုပ်မဖြစ်လို့ လုပ်ရတာ ဖြစ်ပါသည်။ ဤအခွင့်ကောင်းကို လက်လွတ်မခံသင့်ပါ။ အသုံးချသင့်ပါသည်။
- `ဆန္ဒခံယူပွဲ´ ကို နအဖ က ကမန်းကတန်းလုပ်ဖို့ ကြံစည်လာခြင်းမှာ မိမိတို့ကို စည်းရုံးလှုံ့ဆော်ချိန် မပေးလို၍ ဖြစ်သည်။ `ဆန္ဒခံယူပွဲ´ ကို (၂၀၀၈) ခုနှစ်အကုန် (၂၀၀၉) ခုနှစ် နှစ်ဆန်းပိုင်းမှာလုပ်ဖို့ တောင်းဆိုသင့်မသင့် စဉ်းစားကြစေလိုသည်။
- `ဆန္ဒခံယူပွဲ´ မှာ နအဖ စိတ်ကြိုက်ရသွားလျှင်လည်း "ဒီမိုကရေစီအရေးတော်ပုံ" က ရပ်တန့်သွားမှာ မဟုတ်ပါ။ လမ်းစဉ်သစ်၊ နည်းပရိယာယ်သစ်၊ တိုက်ပွဲသဏ္ဌန်သစ်ဖြင့် ဆက်လက်ချီတက်ဖို့ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။
Labels: အစီရင်ခံစာ
Subscribe to:
Posts (Atom)