Wednesday, April 2, 2008

နိုင်ငံအေးချမ်းသာယာဖို့။ ကန့်ကွက်မဲတွေပေးကြစို့

ဒီမိုအောင်
၂၀၀၈ မတ် ၂၁
မဇ္ဈိမ

အနှစ်နှစ်ဆယ် တိုက်ပွဲခရီးကြမ်းကို ကျနော်တို့ ကျော်ဖြတ်ခဲ့ကြပါပြီ၊

တိုက်ပွဲပမာဏ အကြီးအသေး အရှိန်အပာုန် အနိမ့် အမြင့်တွေကြားမှာ တခုတည်းသော ယုံကြည်ချက်ကြောင့်သာ ကျနော်တို့ လွန်မြောက်နိုင်ခဲ့ကြတာပါ၊ ဆက်ပြီးလဲ ချီတက်ကြရအုံးမှာပါ၊ ရှေ့လာမယ့် မေလ တိုက်ပွဲအတွက် No Vote (မဲမပေးနဲ့) ရယ် Vote No (ကန့်ကွက်မဲပေး) ရယ် အသံတွေ ရောနေလို့ စိတ်မကောင်း ဖြစ်ရပါတယ်၊ ခုတော့ ခေါင်းဆောင်ပိုင်းက Vote No (ကန့်ကွက်မဲပေး) အသံညီသွားလို့ စိတ်အေး အားတက်ရပါတယ်။

ကျနော် ယူဆ ခန့်မှန်းကြည့်တာ ပြောပါရစေ။

ဆန္ဒခံယူပွဲ အထမြောက်ဖို့ ဆိုရင် အနဲဆုံး မဲပေးသူ ရာခိုင်နှုန်း ဘယ်လောက် ရှိရမယ်ဆိုတာ ကြိုတင် သတ်မှတ်ရပါမယ်၊ အခြေခံဥပဒေကို အတည်ပြုဖို့ဆိုရင်လဲ ထောက်ခံမဲရာခိုင်နှုန်း ဘယ်လောက် ရ ရမယ် (မဲပေးခွင့်ရှိတဲ့ လူဦးရေပေါ် ဒါမှမပာုတ် မဲပေးတဲ့လူဦးရေပေါ်) ဆိုတဲ့ ကြိုတင် သတ်မှတ်ချက် ရှိရမှာပါ၊ အခုတော့ တကွက်ချန်ပြီး ထည့်ရေးမထားပါဘူး၊

ဦးအောင်တိုး နဲ့ ဦးသောင်းညွန့် ဖြေပါ၊ အသံကျယ်ကျယ် အော်နိုင်တဲ့ ဆရာများ ပိုပြီး ပေါက်ရောက်တဲ့ ဆရာ့၊ ဆရာများ ထောက်ပြကြပါ၊ အရမ်း အရေးကြီးပါတယ်။

မဲပေးသူ အနေနဲ့ကတော့ များမယ်လို့ယူဆပါတယ်၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ကန့်ကွက်မဲပေးဖို့ တိုက်တွန်းနေသလို စစ်အစိုးရကလည်း မဲပေးသူ များအောင် အကျပ်ကိုင်နေပါတယ်၊ ပြည်တွင်းလူထု အနေနဲ့ လူလုံးထွက်ရတဲ့ အခြေအနေတွေမှာ စစ်တပ်ရဲ့ အကျပ်ကိုင်မှုကို ငြင်းဆန်နိုင်မှု နည်းလေ့ ရှိပါတယ်၊ ဘောလုံးကွင်း အင်အားပြပွဲတွေဆိုရင် ပြီးမှသာ မလိုက်လိုကြောင်း ပြောကြားရင်ဖွင့်ကြပေမဲ့ လက်တွေ့ကတော့ မိုးမလင်းခင်ထ သွား။ မိုးရွာနေလည်း သွား။ နယ်တွေမှာဆို ထမင်းထုပ်နဲ့ ညအိပ် ညနေသွားကြရတာပါ။

ဒါ့ကြောင့် မဲမပေးရေးထက် ကန့်ကွက်မဲပေးရေး ရွေးချယ်မှုပာာ ပြည်တွင်းနဲ့ အကိုက်ညီဆုံးပါပဲ။ ဖြစ်နိုင်တဲ့ ရလဒ်တခုချင်းစီကို ဆန်းစစ်ကြည့်ချင်ပါတယ်၊ မဲပေးတဲ့အတိုင်း ရလဒ် ထွက်တယ်လို့ ယူဆပြီးတော့ပါ၊ မဲရေတွက်တဲ့ကိစ္စ နောက်မှ ဆွေးနွေး ပါရစေ။

လူထုအများစု မဲပေးတဲ့အခြေအနေမှာ
(၁) ကန့်ကွက်မဲ များခဲ့ရင် ကျနော်တို့ အောင်ပွဲပါပဲ၊
(၂) ကန့်ကွက်မဲ နဲခဲ့ရင် ထောက်ခံမဲ အများစုနဲ့ အတည်ပြုတယ်ဆိုပြီး မျက်နှာပြောင် တိုက်နိုင်ပါတယ်၊

အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ တနေရာတည်းရပ်ပြီး တသံတည်းထွက်ကြဖို့ပဲ ရှိပါတယ်။ မဲပေးနိုင်တဲ့ လူဦးရေရဲ့ ရာခိုင်နှုန်းအများစုကို ကန့်ကွက်မဲအဖြစ် ဖေါ်ထုတ်နိုင်ခဲ့ရင် ၁၉၉ဝ ရလဒ်၊ ၂ဝဝ၈ ရလဒ် နှစ်ခုကို ပူးတွဲ ဆုပ်ကိုင်နိုင်ပါတယ်။ ၁၉၉ဝ၊ ၂ဝဝ၈ နဲ့ ၂ဝ၁ဝ သုံးပွဲမှာ နှစ်ပွဲနိုင် အနေအထားပါ၊ အဲဒီအခြေအနေ ရောက်ရင် စစ်တပ်ပာာ လုံးဝ လက်နက်ချမှာ မပာုတ်ပေမယ့် စိတ်ဓါတ် ထပ်ကျပါလိမ့်မယ်၊ ကျနော်တို့အနေနဲ့ အဆိုပြု ကမ်းလှမ်းချက်တွေ အများကြီး ထပ်လုပ်နိုင်ပါမယ်၊

ဥပမာအနေနဲ့

- တချို့ပုဒ်မ အနည်းငယ်ကိုပဲ ၁၉၉ဝ ရွေးကောက်ပွဲ အရွေးကောက်ခံ ကိုယ်စားလှယ် ၊ ပါတီ တွေနဲ့ ပြန်လည်ဆွေးနွေး ကြမယ်ဆိုပြီး ကမ်းလှမ်းနိုင်ပါမယ်

- ဆွေးနွေးပွဲရလဒ်ကို ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတည်ပြု ( လစ်လပ်နေရာ တွေကိုတော့ ကြားဖြတ်ရွေးကောက် ပြီးရင် အဲဒီဥပဒေနဲ့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲလုပ် စသည်ဖြင့်ပါ၊

ကျနော်တော်တို့ မကန့်ကွက်တဲ့ ဥပဒေကို နိုင်ငံတကာက ကန့်ကွက်မှာ မပာုတ်ပါဘူး၊ နိုင်ငံတကာအကူအညီနဲ့ ဖိအားတွေပာာ က္မန်တော်တို့ လှုပ်ရှားတက်ကြွနေမှ၊ ရလဒ်တွေ ရှိနေမှ လာမှာပါ၊ Active support လုပ်ပေးဖို့သာ စိတ်ကူးရှိရင် ရွှေဝါရောင် တော်လှန်ရေးတုန်းက ဘင်္ဂလားပင်လယ်အော်မှာ Aircraft Carriers ထားပြီး စောင့်ကြည့်ပေးရုံနဲ့ အုံကြွမှုအရှိန်ကို မြှင့်နိုင်ပါတယ်၊ ပစ်မိန့် ၃ရက်လောက် နောက်ကျသွားပြီး လူတွေလဲ ၃ ဆလောက် ပိုထွက်လာမှာပါ၊

အခြေခံဥပဒေကို ပြင်းထန်စွာ ပယ်ချနိုင်ဖို့ တောနေ လူတန်းစားကို အများကြီးလှုံ့ဆော်နိုင်ရပါမယ်။ မဲပေးကြမဲ့ လူတွေကို အနူးအညွတ် တောင်းပန်ချင်ပါတယ်၊ ကိုယ်ချစ်တဲ့ ညီငယ် ညီမငယ်တွေ သားသမီးတွေရဲ့ အနာဂတ်ကိုပါ ကြည့်ကြပါ၊ ကျနော်တို့ မပယ်ချနိုင်ခဲ့ရင် သူတို့တွေ အလံထောင်ပြီး လမ်းပေါ် ထွက်ကြရပါအုံးမယ်၊ သူတို့တွေအတွက် အန္တရာယ်အမွေ မထားခဲ့ကြပါနဲ့တော့။ သူတို့တွေ အေးချမ်းတဲ့ဘဝမှာ နေနိုင်ကြပါစေ၊ မဲရုံထဲမှာ ကိုယ်လုပ်တာကို ဘယ်သူမှ မသိပါဘူး၊ ဘာဖြစ်လာနိုင်မှာလဲဆိုတဲ့ အတွေးတွေ ခဏထားပြီး ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို စလုပ်ကြရအောင်ပါ၊

ဖြစ်လာနိုင်တဲ့ မဲရလဒ်တွေကို စိတ်ဖြာ တင်ပြထားတာပါ၊ ဖြစ်လာနိုင်တဲ့ မဲပေး ။ မဲရေတွက်မှု ဖြစ်စဉ်ကို နောက်တခါတင်ပြပါမယ်၊ စစ်အစိုးရ မောင်းပို့တဲ့ လှိုင်းကိုစီးရင်း မဲရုံထဲဝင်ပြီး ကန့်ကွက်မဲ ပေးကြရအောင်ပါ၊ အထိခိုက် အကျဆုံး မရှိပဲ အောင်ပွဲရမဲ့ တိုက်ပွဲပါ၊ ပျော်ပျော်ကြီးတိုက်ကြပါစို့။

No comments: