ကာကွယ်ရေးဦးစီးချုပ်က သမ္မတလောင်း (၂) ကို သူရွေးချယ်ပေးထားသော စစ်သားအမတ်များမှတဆင့် ရွေးချယ်သည်။ ၄င်းသမ္မတလောင်းသည် သမ္မတသော်၎င်း၊ ဒုသမ္မတသော်၎င်း ဖြစ်လာပေမည်။ တဖန် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတို့သည်လည်း ကာကွယ်ရေးဦးစီးချုပ်ရွေးထားသော စစ်သားများသာဖြစ်သည်။
စာရင်းချုပ်လိုက်လျှင် ၁၁ ဦး ပါဝင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (မကလ) တွင် ကာကွယ်ရေးဦးစီးချုပ်၏လူ အနည်းဆုံး ၆ဦး ရှိနေပေပြီ။ မကလ တွင် နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာနိုင်သည့် အာဏာ (တနည်းဆိုသော် အာဏာသိမ်းခွင့်) ရှိသည်။ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်က သူ့လူများ အားကိုးဖြင့် အကြောင်းမရှိ အကြောင်းရှာကာ အာဏာသိမ်းနိုင်ခွင့်ကို ဤအခြေခံဥပဒေက တရားဝင် ပြဋ္ဌာန်းပေးထားသည်။
Saturday, March 1, 2008
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ
Labels: ကိုယ်တိုင်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment