Saturday, March 1, 2008

သမ္မတ


သမ္မတသည် နိုင်ငံတော် အကြီးအကဲဖြစ်သည်။

ရွေးချယ်ပုံကိုကြည့်ပါ။

ပြည်သူ့လွှတ်တော်ထဲမှ အရပ်သားအမတ်များ (၃၃၀ ဦး) က သမ္မတလောင်း တစ်ဦး
အမျိုးသားလွှတ်တော်ထဲမှ အရပ်သားအမတ်များ (၁၆၈ ဦး) က သမ္မတလောင်း တစ်ဦး
ကာကွယ်ရေးဦးစီးချုပ်၏ လက်ရွေးစင် စစ်သားအမတ်များ (၁၆၆ ဦး) က သမ္မတလောင်း တစ်ဦး

အသီးသီး ရွေးပေးရမည်။

ထိုသမ္မတလောင်း သုံးဦးကို လွှတ်တော်ကိုယ်စားလှယ်အားလုံး (၃၃၀ + ၁၆၈ + ၁၆၆ = ၆၆၄) က မဲပေးပြီးရွေးမည်။ မဲအနည်းအများအလိုက်၊ သမ္မတ၊ ဒုသမ္မတ(၁) နှင့် ဒုသမ္မတ(၂) တို့ဖြစ်လာမည်။

သမ္မတလောင်း၏ အရည်အချင်းများထဲမှ
အထူးသတိပြုရန်အချက်မှာ

“နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတလောင်း အရည်အချင်း နှင့် မကိုက်ညီဟု ဆိုလိုချင်ဟန်ရှိသည်။

No comments: